Prison Break recap ep 1

0

 ထောင်ဖေါက် ဝိဇ္ဇာ မောင်မြသာ အပိုင်း ၁


ဝတ်စုံအပြည့် နဲ့ မောင်မြသာ တယောက် ဘဏ်ထဲကို ဝင်ပြီးတော့ သေနတ် ၃ ချက် ဖေါက်ရင်း မီးခံ သေတ္တာကို ဖွင့်ခိုင်းလိုက်တယ်။

စာရေးမကလည်း ဘဏ်မန်နေဂျာ မရှိလို့ ဖွင့်မရဘူး ပြန်ပြောတယ်။

မောင်မြသာဟာ နောက်ထပ် သေနတ် ၂ ချက် ထပ်ဖေါက်ရင်း နောက်နေတာ မဟုတ်ကြောင်း ထပ်ပြောလိုက်တယ်။

ဒီအချိန်မှာဘဲ ရဲမြညွှန့် တို့ အဖွဲ့ ဟတ်စကီးတွေနဲ့ ရောက်လာပြီးတော့ မင်းကို ဝိုင်းထားလိုက်ပြီ လက်နက်ချစမ်းလို့ ပြောလိုက်တယ်။

မောင်မြသာလည်း ခါးကြားထဲက သေနတ်အပိုတလက်ကိုပါ ဆွဲထုတ် ကာ ကြမ်းပြင်ပေါ် ပစ်ချရင်း လက်နက်ချလိုက်တယ်။

ရဲမြညွှန့် တို့လက်ချက်နဲ့ မောင်မြသာ တယောက် တရားရုံးကို ရောက်သွားပါတော့တယ်။

လက်နက်ကိုင် ဓါးပြတိုက်တာကို မငြင်းဘူးလို့ ပြောတာာာလား မောင်မြသာ ဆိုပြီး တရားသူကြီးက မေးလိုက်တယ်။

ရှေ့နေမလေး မေစံရှားက မောင်မြသာ စိတ်ကယောင်ချောက်ခြား ဖြစ်နေလို့ ပြောမိတာ ဖြစ်ကြောင်း တရားသူကြီးကို ပြောလိုက်တယ်။

မောင်မြသာ က သူသေမယ့်နေ့ထိ ပြင်ဆင်ထားပြီးဖြစ်ကြောင်း တရားသူကြီးကို ပြောလိုက်တယ်။


သူ့ကို လှမ်းခေါ်တဲ့ တူလေးဖိုးဖြူကို အိမ်ပြန်ပြီး စာကျက်ဖို့ မောင်မြသာက လှမ်းပြောလိုက်တယ်။ 

အချုပ်ခန်းထဲက မောင်မြသာကို မေစံရှားက အကြင်နာမျက်ဝန်းလေးတွေနဲ့ ကြည့်ပြီး တရားချနေပါတယ်

တရားရုံး ပြန်စပြီး သိပ်မကြာခင်မှာဘဲ တရားသူကြီးက ပြစ်မှုထင်ရှားလို့ ထောင်ဒဏ် ၅ နှစ်ကို အင်းစိန်ထောင်မှာ ကျခံစေလို့ အမိန့်ချလိုက်တယ်။

မအေလိုး မအလတို့ ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေကို ဖိနှိပ်ခဲ့တဲ့ အင်းစိန်ထောင်ကြီးကို မြင်နေရတာ ဖြစ်ပါတယ်။ 

ထောင်ဝါဒါတွေက လံကွတ်တီနဲ့ အကျဉ်းသားတွေကို တန်းစီပြီး အစဉ်လိုက်ဝင်ဖို့ ပြောလိုက်တယ်။

ဒီအချိန်မှာဘဲ မောင်မြသာ နဲ့ ဝါဒါချစ်ဖေ တို့ စတွေ့ကြပါတယ်။ ဝါဒါချစ်ဖေ က ဂုဏ်တော် ၉ ပါး ရလားမေးလိုက်ရတယ်။ မောင်မြသာကလည်း ဘာသာတရား စိတ်မဝင်စားဘူးလို့ ပြောလိုက်တယ်

ဝါဒါချစ်ဖေကလည်း မောင်မြသာ စကားပြောပုံမကြိုက်တာနဲ့ သူ့စောက်ခွက်ကို တင်းလိုက်ရင်း မင်းက ဖျံလား ဂျင်လားလို့ မေးလိုက်တယ်။

မောင်မြသာကလည်း မဟုတ်ကြောင်း အပြစ်ခံယူပြီးရင် အေးဆေးထွက်မယ့် အကြောင်း ပြောလိုက်တယ်။

မောင်မြသာ တယောက် ထောင်ထဲက အခြေအနေတွေ အကဲခတ်နေတုန်းမှာဘဲ အခန်းထဲ ကြိုရောက်နေတဲ့ အခန်းဖေါ် ကိုတင်မောင်က အေးဆေးနေတာ အကောင်းဆုံး ဖြစ်ကြောင်း လှမ်းပြီး ဆရာကြီး လုပ်လိုက်တယ်။

ဒီအချိန်မှာဘဲ လမ်းလျှောက်ဝင်လာတဲ့ အကျဉ်းသားတယောက် ဇွပ် ဇွပ် အလုပ်ခံရတာကို တွေ့လိုက်ရတယ်။

မေစံရှား တယောက် သူ့ဘဲကို မောင်မြသာ မူမမှန်တဲ့အကြောင်း တမင် ထောင်ကျခံဖို့ လုပ်နေသလို ဖြစ်နေကြောင်း  ပြောလိုက်တယ်။ 

ကိုတင်မောင်က လမ်းလျှောက်ရင်းနဲ့ မောင်မြသာကို အင်းစိန်ထောင်ထဲက အကြောင်းတွေ ရှင်းပြတယ်။

မောင်မြသာက ကြောင်လေးကိုင်ထားတာ ဘယ်သူလဲလို့ မေးလိုက်တော့ကိုတင်မောင်ကလည်း မြန်မာ့ ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု ကြောင့် ထောင်ကျနေတဲ့ ဦးကျော်အေး ဖြစ်ကြောင်း ရှင်းပြလိုက်တယ်။ 

မောင်မြသာက သူ လူတယောက်ကို ရှာနေကြောင်း ၊ အဲဒီလူနာမည်က ကိုလှဖေ ဖြစ်ကြောင်း ပြောလိုက်တယ်။ ဒီအချိန်မှာဘဲ ကိုတင်မောင် သူငယ်ချင်းက ကိုလှဖေဟာ အတော် အန္တရာယ်များတဲ့လူဖြစ်ကြောင်း ပြောပြတယ်။

ဒုသမ္မတ ခင်လှဆွေ ရဲ့ အကို ကို သတ်ထားတဲ့ လူဖြစ်လို့ သိပ်မကြာခင် သေဒဏ် အပေးခံရမှာ ဖြစ်ကြောင်းလည်း ထပ်ပြောပြတယ်။

မောင်မြသာက ကိုလှဖေနဲ့ တွေ့လို့ရမယ့် နည်းလမ်းရှိလားလို့ မေးတယ်။ ကိုတင်မောင်က ဘုရားခန်းနဲ့အလုပ်ရုံမှာ တွေ့လို့ရနိုင်ကြောင်းပြောပြတယ်။ 

မောင်မြသာပုံစံနဲ့ အလုပ်ရုံမှာ အလုပ်ရမှာဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း ကိုတင်မောင်က ပြောပြတယ်။ အကြောင်းရင်းကို မောင်မြသာက မေးကြည့်တော့ တန်းစီး စိုးမြတ် ကိုင်ထားတာ ဖြစ်ကြောင်း ပြောာတယ်။

စကားမစပ် ကိုတင်မောင်က ဘာလို့ ကိုလှဖေကို တွေ့ချင်တာလဲ မေးလိုက်တော့ မောင်မြသာက သူ့အကို ဖြစ်ကြောင်း ပြန်ပြောလိုက်တယ်။

ထောင်ဝင်စာ တွေ့ခဲ့တုန်းက ကိုလှဖေက သူမတရားခံရကြောင်း အကွက်ခံဆင်ခံရကြောင်း ပြောပြတာတွေကို မောင်မြသာ ပြန်တွေးနေမိတယ်။

ဒီအချိန်မှာ ကိုတင်ဖေက သူ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းဖို့ စာရေးနေတုန်း ဘယ်လို စာစီရင်လှလှပပ ဖြစ်မလဲလို့ မောင်မြသာကိုလှမ်းမေးလိုက်တယ်။ 

မောင်မြသာကလည်း မြတ်နိုးရပါသောအချစ်ကလေးရေလို့ အစချီပြီး ရေးသင့်ကြောင်း ပြောလိုက်တယ်။

အဖေက ထောင်ထဲမှာ အမေက နောက်အိမ်ထောင်နဲ့မို့ ဖိုးဖြူ တယောက်လည်း စိတ်လေပြီး လမ်းဘေးက သူငယ်ချင်းတွေနဲ့ ပေါင်းရင်း  ဆေးခြောက်လိုက်ပို့တဲ့ ဒလီသမား လုပ်ရင်း ပိုက်ဆံရှာပါတယ်။ 

ကံဆိုးချင်တော့ သတင်းပေးက တွေ့သွားပြီး မြညွန့်တို့ကို ဖုန်းဆက်လိုက်တော့ ဖိုးဖြူနဲ့ သူငယ်ချင်း ကို ရဲဖမ်းမိသွားပါတယ်။

မောင်မြသာ တယောက် တန်းစီး စိုးမြတ်တို့ ဖဲရိုက်နေတုန်း အလုပ်ရုံမှာ အလုပ် လုပ်ဖို့ သူ့ကို ခေါ်စေချင်ကြောင်း ပြောလိုက်ပါတယ်။

တန်းစီး စိုးမြတ်က မင်းလို ကောင်ဆီက ငါ ဘာမှမလိုဘူးဆိုပြီး မောင်းထုတ်လိုက်ပေမယ့် မောင်မြသာ ကတော့  အော်ဂါမီ ငှက်ရုပ်လေးကို စားပွဲပေါ်တင်လိုက်ရင်း အဆင်ပြေရင် သူ့ကို စကားပြန်လာပြောဖို့ ပြောခဲ့လိုက်ပါတယ်။

အပြင်လောကမှာတော့ တန်းစီး စိုးမြတ်ရဲ့ လုပ်ဖေါ် ကိုင်ဖက်တွေရှိနေတဲ့ သားသတ်ရုံကို စာအိတ် တအိတ်နဲ့ ဓါတ်ပုံလေးတပုံ ရောက်လာပါတယ်။

မောင်မြသာကတော့ ထောင်ဆေးခန်း သွားပြီး ဆီးချိုကျဆေး  ဆေးထိုးရင်းနဲ့ ဆရာဝန်မလေး မမြမွန် ကို စပြီးတော့ မိတ်ဆက်ရင်း လမ်းခင်းပါတော့တယ်။

ရန်ကုန်က စစစ ဌာနချုပ်မှာတော့ စစစ အရာရှိ ကိုအေးကျော် နဲ့ သူ့တပည့်တို့ ကိုလှဖေ အမှုကိစ္စနဲ့ ပတ်သက်ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ ပြောနေကြတယ်။ 

ရှေ့နေမလေး မေစံရှား နဲ့ သူ့ကောင်လေးတို့ ချစ်ကြည်နူးတစ်တီတူးရင်း မင်္ဂလာ ဆောင်မယ့် ကိစ္စအတွက် တိုင်ပင်နေကြပါတယ်။

ကိုတင်ဖေကတော့ မောင်မြသာ အကြံပေးတဲ့ အတိုင်း မြတ်နိုးရပါသောအချစ်ကလေးရေ အစချီပြီး စာပို့လိုက်တာ ဟိုက စာမပြန်လာလို့ ထောင်ထဲမှာ တိုင်ပတ်နေပါပြီ။ တကယ်ဆို ဒီနေ့က သူ့ကောင်မလေးထောင်ဝင်စာ လာတွေ့ရင် အိမ်ထောင်သည် အဆောင်ကို ခေါ်သွားပြီး တစ်တီတူးရမယ့် နေ့ကိုး။ 

ဒီအချိန်မှာဘဲ ဝါဒါတယောက် ရောက်လာပြီး ထောင်ပိုင်ကြီး ဦးစိုးဝင်းက စကားပြောစရာလို့ ခေါ်ခိုင်းလိုက်ကြောင်း လာပြောပါတယ်။ 

ကိုတင်မောင်ကတော့ ထောင်ပိုင်က တွေ့ဖို့ ခေါ်တယ်ဆိုတာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလို့ မောင်မြသာကို သတိပေးလိုက်ပါတယ်။ 

ထောင်ပိုင်ကြီး ဦးစိုးဝင်းက မင်းလို ပညာတတ် အင်ဂျင်နီယာ တယောာက် အင်းစိန်ထဲ ဘာကိစ္စနဲ့ ရောက်လာသလဲဆိုတာ စဉ်းစားမရဘူးလို့ ပြောလိုက်တော့ မောင်မြသာကလည်း လူတိုင်း တခါမဟုတ် တခါတော့ လမ်းမှားတတ်ကြတာဘဲလို့ ပြန်ပြေလိုက်တယ်။ 

ထောင်ပိုင်ကြီး ဦးစိုးဝင်းက မင်္ဂလာနှစ်ပတ်လည် အနှစ် ၄၀ ပြည့်မှာ သူ့မိန်းမကို တာ့ဂျ်မဟာရ် ဂူသင်္ချိုင်းကြီး ပုံစံတူလေး လက်ဆောင် ပေးချင်တာမို့ တာ့ဂျ်မဟာရ် တည်ဆောက်တဲ့နေရာမှာ သူ့ကို ကူညီပေးဖို့ ပြောတယ်။

မောင်မြသာက မလုပ်ပေးနိုင်ဘူး ဆိုပြီး ငြင်းလိုက်တော့ထောင်ပိုင်ကြီး စိတ်ဆိုးပြီး မောင်မြသာကို ထောင်ခန်းထဲ ပြန်ပို့ခိုင်းလိုက်ပါတော့တယ်။

ဖိုးဖြူ အမေတယောက် ဖိုးဖြူကို စခန်းထဲက ခံဝန်နဲ့ ထုတ်လာရတာမို့ အိမ်ရောက်တာနဲ့ လဖက်ခြောက် ရှယ် ခတ်ပါတော့တယ်။ 

ရှေ့နေမလေး မေစံရှားဟာ မောင်မြသာကို ထောင်ဝင်စာ လာတွေ့ရင်းနဲ့ ကိုလှဖေ ကို သူ အခုထိ ချစ်နေသေးကြောင်း ၊ ကိုလှဖေ ကသာ သူ့ကို ပစ်ထားခဲ့တာ ဖြစ်ကြောင်း ပြောရင်းနဲ့ အာလူးဖုတ်ပါတော့တယ်။ 

ရန်ကုန် မြို့တော်ဝန်အပေါ် ဩဇာအတော်ညောင်းတဲ့ ဖာသာ ပီတာ ဆီကို စစစ အရာရှိ ကိုအေးကျော်တို့ ရောက်လာပြီး ကိုလှဖေ အမှုအတွက် ဘာတခုမှ ကူညီစရာမလိုကြောင်း ၊ အေးဆေး ဘေးထွက်ထိုင်နေသင့်ကြောင်း ခြိမ်းခြောက်ပါတော့တယ်။

လှဖေ ကိစ္စနဲ့ ငါ့ကို လာပြီး ခြိမ်းခြောက်ရအောင် ဘာများထူးခြားနေလို့လဲ ဆိုပြီး ဖာသာ ပီတာက ပြန်မေးတော့ ဒုသမ္မတ ခင်လှဆွေ ရဲ့ အကို ကို သတ်ထားတဲ့ လူ ဖြစ်ကြောင်း  စစစ အရာရှိ ကိုအေးကျော်က ပြန်ပြောလိုက်တယ်။

တန်းစီး စိုးမြတ်ဆီကို သူ့လုပ်ဖေါ်ကိုင်ဖက် က ဖုန်းဆက်လာပြီး စိုးမြတ် ထောင်ကျအောင် ဖေါ်ကောင်လုပ်ထားတဲ့ ၀တုတ် ဖိုးချို ရဲ့ လတ်တလောဓါတ်ပုံ ရထားကြောင်းနဲ့ ရဲဖက်က အကာအကွယ် ပေးထားတဲ့ ပုံစံဖြစ်ကြောင်း ပြောလိုက်တယ်။ 


ဘယ်သူ ပို့တာလဲလို့ စိုးမြတ်က မေးလိုက်တော့ ပို့သူ နာမည်မပါကြောင်း ဒါပေမယ့် စာအိပ်ထဲမှာ အော်ဂါမီ ငှက်ရုပ်လေး တရုပ်ပါတယ် ဆိုတဲ့အကြောင်း သူ့လုပ်ဖေါ်ကိုင်ဖက်က ပြန်ဖြေတယ်။


မောင်မြသာ တယောက် လမ်းလျှောက်ရင်း ဦးကျော်အေးကို စကားစမြည်ပြောကာ သူ့မိန်းမကို သိကြောင်း နဲ့ လေယာဉ်ပြန်ပေးဆွဲတဲ့  ဦးကျော်အေး ဟုတ် မဟုတ် စကားနှိုက်ကြည့်တယ်။ 

ဒီအချိန်မှာဘဲ တန်းစီး စိုးမြတ်တို့ လူမိုက် တအုပ် ရောက်လာလို့ ဦးကျော်အေးလည်း သူ့ ကြောင်လေးကို ပိုက်ရင်းနဲ့ အသာလေး လစ်ထွက် သွားတော့တယ်။

မောင်မြသာလည်း တန်းစီး စိုးမြတ်ကို ခင်ဗျားက သံဇကာ အပြင်ဖက် ထွက်ဖို့လုပ်ပေးနိုင်တယ်ဆိုတာ ဟုတ်လား ဆိုပြီး မေးလိုက်တယ်။ ဒါမှမဟုတ် ခင်ဗျားကို ထာ၀ရ ပျောက်သွားအောင် လုပ်နိုင်တဲ့သူ တယောက်လောက်များ အပြင်မှာ ရှိနေလား ဆိုပြီး နိုင်ကွက်တကွက် ခင်းလိုက်တယ်။ 

တန်းစီး စိုးမြတ်လည်း တင်းသွားပြီး သူ့တပည့်တွေကို မျက်ရိပ် ပြလိုက်တော့ မောင်မြသာကို ဝိုင်းပြီး ဆွမ်းကြီး လောင်းကြပါတော့တယ်။

ထောင်ပိုင်ရုံးခန်းထဲ ရောက်သွားတဲ့ မောင်မြသာ တယောက် ထောင်ပိုင်ကြီး ကဆဲဆိုကြိမ်းမောင်းရင်း တိုက်ထဲမှာ ၃ လ လောက် အပိတ်ခံရမယ့်အကြောင်းပြောတာတွေနားထောင်ရင်း တကယ်လို့ သူ့ကို တိုက်ပိတ်လိုက်ရင် တိုက်ထဲမှာ တန်ဖိုးမရှိကြောင်း ၊ နဲ့ တာ့ဂျ်မဟာရ် ဂူသင်္ချိုင်းကြီး ဆောက်မယ့်ကိစ္စမှာကူပေးမယ့်အကြောင်း ပြောလိုက်တော့ ထောင်ပိုင်ကြီးလည်း လက်ခံလိုက်ပါတယ်။ 

ဖာသာ ပီတာ တော့ စစစ အရာရှိ ကိုအေးကျော်တို့ စကားကို နားမထောင်မိလို့ လက်စဖျောက်ခံလိုက်ရပါတယ်။ ဒီသတင်းဟာ ချက်ချင်း ဆိုသလိုဘဲ ရှေ့နေမလေး မေစံရှားဆီကို ရောက်သွားတော့ မောင်မြသာ သူ့ကို ပြောပြခဲ့တာတွေ မှန်နေပြီ ဖြစ်ကြောင်း ချက်ချင်း တွေးမိလိုက်တယ်။

ဖိုးဖြူနဲ့သူ့အမေတို့ ၂ ယောက်သား ကိုလှဖေ ကို ထောင်ဝင်စာ လာတွေ့တယ်။ ကိုလှဖေ လည်း ဖိုးဖြူကို သူ့လို မဆိုးမမိုက်ဖို့ ဆုံးမတယ်။ ၁၆/၁၇ အရွယ်ရောက်နေတဲ့ ဖိုးဖြူလည်း သူ့အဖေကို ဂျစ်ကန်ကန် ပြန်ပြောရင်းနဲ့ နှုတ်ဆက်ခဲ့လိုက်တယ်

ကိုတင်မောင်ကို သူ့ကောင်မလေးက ပန်းစီးလေးနဲ့ အိမ်ထောင်သည်ဧည့်တွေ့ခန်းမှာလာတွေ့တယ်။ လက်ထပ်ခွင့်တောင်းတာကို သူလက်ခံသလို ထောင်ကလွတ်မှဘဲ ဘုရားကျောင်းမှာ လက်ထပ်စေကြောင်း ယွခမက ပြောတာကို ပြန်ပြောပြရင်း နှစ်ယောက်သား ရှလူး ကြပါတော့တယ်။ 

ဆရာဝန်မလေး မမြမွန်က ဆီးချို ရောဂါရှိတာ သေချာလား ဆိုပြီး ဆေးစစ်ချက်ကိုဖတ်ရင်း မောင်မြသာကို လှမ်းမေးလိုက်တယ်။ ငယ်ငယ်တည်းက ရှိကြောင်း မောင်မြသာက ပြန်ဖြေရင်း ဆရာဝန်မလေး အလစ်မှာ ကုတင်ပေါ်ကနေ ထသွားပြီးတော့ ပြုတင်းပေါက် နဲ့ ထောင်နံရံ အကွာအဝေး ကို လှမ်းပြီး ခိုးကြည့်လိုက်တယ်။

ထောင်ထဲမှာ ဆေးမျိုးစုံမှောင်ခိုရောင်းရင်း ဆားဗစ်ကြေး တသောင်း ယူလို့ ကိုဆင်ကြီး ဆိုပြီး ထောင်သားတွေက နာမည်ပေးထားတဲ့ ဘဲကြီးဆီကို ကိုတင်မောင်ချိတ်ပေးလို့ မောင်မြသာ သွားတွေ့ရင်း PUGNAc (ပက်ဂ်နက်) ဆေးရှိလားမေးတယ်။ ဆင်တကောင် ပေးရင် ရမယ်ဆိုလို့ မောင်မြသာလည်း ကိုဆင်ကြီးကို တသောင်းတန်တရွက် ပေးလိုက်တယ်။ 

ဝါဒါ တယောက်က တန်းစီး စိုးမြတ် ပေးခိုင်းလိုက်တဲ့ ထောင်အလုပ်ရုံ အလုပ်သမားကဒ်ကို လာပေးတယ်။ ဒီလိုနဲ့ မောင်မြသာလည်း ထောင်သား အဆင့်ကနေ အလုပ်သမား အဆင့် ရာထူးတိုးသွားပါတော့တယ်။ 

အလုပ်ရုံထဲ အလုပ် အတူလုပ်ရင်း မောင်မြသာနဲ့ကိုလှဖေတို့ ၂ ယောက်သား စကားစမြည် ပြောကြတယ်။ 

တန်းစီး စိုးမြတ် ကို သူ့တပည့်က ဘာလို့ မောင်မြသာကို အလုပ်ခန့်လိုက်တာလဲ မေးတော့ စိုးမြတ်ကလည်း ရန်သူကို အနီးဆုံးမှာ ထားရကြောင်း ပြန်ပြောလိုက်တယ်။

ကိုလှဖေက မင်းငါ့ကို ထောင်ဝင်စာ လာတွေ့တုန်းက ပြောတဲ့ ထောင်ဖေါက်မယ့်ကိစ္စ အတည်လားဆိုပြီး မေးတော့ မောင်မြသာကလည်း အတည် ဆိုပြီး ဖြေရင်းနဲ့ အားလုံး စီစဉ်ထားပြီးသား ဖြစ်ကြောင်း စိတ်ပူစရာ မလိုကြောင်း ပြောတယ်။ ပြီးတော့ သူ့တကိုယ်လုံးအပြည့် ထိုးထားတဲ့ အင်းစိန်ထောင် မြေပုံကြမ်း တက်တူး ကို ပြလိုက်တယ်။

ကိုလှဖေလည်း မျက်လုံးပြူးသွားပြီးတော့ ငါလိုး မင်းနောက်နေတာလားဟ ဆိုပြီး တက်တူးကို အနီးကပ် ကြည့်ပါတော့တယ်။


အပိုင်း (၁) ပြီးပါပြီ။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

buttons=(Accept !) days=(20)

Our website uses cookies to enhance your experience. Learn More
Accept !